Wednesday, March 15, 2017

Facebook မှာ နာမည်အဟောင်းတွေ ပြန်သုံးနည်း (ရက် ၆၀ စောင့်စရာမလို)

Facebook မှာ နာမည်အဟောင်းတွေ ပြန်သုံးနည်း (ရက် ၆၀ စောင့်စရာမလို)

Facebook မှာရက်ပေါင်း (၆၀) စောင့်စရာမလိုဘဲ ကိုယ်အသုံးပြုခဲ့တဲ့ နာမည် အဟောင်းတွေကိုပြန်သုံးနိုင်မည့်နည်းလမ်းလေးကို ရှင်းပြပေးထားပါတယ်။
ဒီနည်းလမ်းထဲမှာတော့ Password အသစ်ကိုလည်းပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပြီး email အသစ်ဖြင့်လည်း ပြောင်းပြီးအသုံးပြုရမှာဖြစ်ပါတယ်။
နာမည်အဟောင်းတွေပြန်သုံးဖို့ စိတ်ဝင်စာတယ်ဆိုရင်တော့ ပုံလေးတွေနဲ့ အောက်မှာရှင်းပြထားပါတာကို လေ့လာနိုင်ပါတယ်။
အရင်ဦးဆုံး https://www.facebook.com/ ကိုဝင်ပါ








Facebook Chat မှာ Auto Reply Comment ပြုလုပ်နည်း

Facebook Chat မှာ Auto Reply Comment ပြုလုပ်နည်း


Facebook သုံးတဲ့ သူငယ်ချင်းတွေအတွက်ကိုယ်ကိုယ်တိုင် ကိုယ့်အကောင့်ကို ၀င်မသုံး
နေပေမယ့် ကိုယ့်ကို အမြဲတမ်း Online အဖြစ်မြင်တွေ့နေစေပြီး ( ဆန္ဒရှိရင် Offline , Busy,
Away စသည့်ဖြင့်လည်း ထားနိုင်ပါတယ်)Chat Box မှာ တစ်ယောက်ယောက်က message
ပို့လာတဲ့အခါ Auto Reply ပြန်အောင် လုပ်ထားနိုင်တဲ့နည်းပညာလေးတစ်ခုပါ ...
ဒီနည်းလေးကို ကျွန်တော့်ရဲ့ အိုင်တီ မုဆိုး အကောင့်မှာ ၅ လကျော်လောက် စမ်းသပ်ပြီး နောက်ဆက်တွဲ Error မရှိတာသေချာမှ တင်ပေးလိုက်တာပါ ..

Android ဖုန်း Internal Memory 2G နဲ့အထက်ရှိရပါမယ်
(ဒါပေမယ့် Huawei U9200 မှာ ကောင်းကောင်းကြီး အလုပ်လုပ်တာကိုလည်း တွေ့ရပါတယ်)
တကယ်လို့ Auto Reply အတွက် Support မလုပ်နိုင်တဲ့ ဖုန်းအနိမ့်တွေမှာတောင်
Ever Online ဖြစ်အောင်တော့ လုပ်ပေးနိုင်တာကို တွေ့ရပါတယ် ..
မော်ဒယ် တော်တော်နိမ့်တဲ့ ဖုန်းတွေမှာတော့ Run လို့ကို မရပါဘူး ...

ကဲ .. စမ်းသပ်ချင်တယ်ဆိုရင် စ လိုက်ကြစို့

အရင်ဆုံး ဒီဆော့ဝဲ ကို အရင်ဒေါင်းယူပါ ..

ပြီးရင် ဖုန်းထဲမှာ Install လုပ်လိုက်ပါ ..

ပြီးရင် အင်တာနက်ချိတ်ဆက်ပြီး ဆော့ဝဲကို Run လိုက်ပါ ( လိုင်းနည်းနည်းကောင်းတဲ့အချိန်မှာ လုပ်ပါ)
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Log in ကို နှိပ်ပေးလိုက်ပါ .. Loading ခဏလောက်လုပ်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်

ကိုယ့် Facebook အကောင့်ရဲ့ email နဲ့ Password ကို ထည့်ပြီး Log in ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

OK ကို နှိပ်ပေးလိုက်ပါ ... တစ်ခါတစ်ခါ တခြား အဆင့်တွေဝင်လာတတ်ပါတယ် ..
အဲဒါဆိုရင်လည်း Agree, Allow , OK စတာတွေကို နှိပ်ပေးလိုက်ပါ
အောက်ကအဆင့်အတိုင်း ပွင့်လာပါမယ် ..

ဒီအဆင့်ရောက်ပြီဆိုရင် .. ဖုန်းရဲ့ Menu ကီးကို နှိပ်လိုက်ပါ ..

ပွင့်လာတဲ့ထဲက Setting ကို နှိပ်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...

အဲဒီထဲက Push Settings ကို နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

Auto Reply မှာ အမှန်ခြစ်လေးတပ်ပေးပြီး Message အကွက်ကို နှိပ်လိုက်ရင်
Auto Reply စာသားတွေကို ပြန်ပြင်လို့ရပါပြီ ..

ဒါဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Chat Box ကို တစ်ယောက်ယောက်က Message ပို့ခဲ့တာနဲ့ ..
သူငယ်ချင်းတို့ရဲ့ Auto Reply Message ဟာ အဲဒီသူငယ်ချင်းရဲ့ Chat Box ထဲကို ချက်ချင်း
ပြန်ပို့ပေးပါလိမ့်မယ် ...

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Tuesday, March 14, 2017

Facebook မှာ Post တင်ရင် Share ဖျောက်နည်း

Facebook မှာ Post တင်ရင် Share ဖျောက်နည်း

Facebook မှာ ကိုယ်တင်တဲ့ Post တွေကို ဘယ်သူမှ Share မရအောင် ဖျောက်ထားလို့ရပါတယ်။
ဒီနည်းက Facebook ကို မိုဘိုင်း App ကနေသုံးမယ်ဆိုရင်တော့ Custom ဆိုတာကို တွေ့ ရမှာမဟုတ်ပါဘူး။ ဒီအတွက် m.facebook.com ကနေပြီး ၀င်သုံးပေးရမှာပါ။
ဆက်ပြီးတော့အောက်မှာ လေ့လာကြည့်ရအောင်

အောက်ပါ ပုံလေးထဲအတိုင်း Post တင်မယ့် နေရာလေးကို နှိပ်လိုက်ပါ။
Post မှာ ဓာတ်ပုံထည့်ချင်တယ် ဆိုရင် Add photo နေရာအား နှိပ်ပြီး ထည့်သွင်းနိုင်သလို Video အတွက်လည်း Add Video နေရာကို နှိပ်ပြီး ထည့်ပေးရပါမယ်။

အောက်ပါ ပုံလေးထဲကအတိုင်း ပုံလေးတစ်ပုံထည့်ပြီးပါက preview လေးကို နှိပ်ပေးရပါမယ်။
အောက်ပါ စာမျက်နာသို့ရောက်သွားမှာဖြစ်ပြီး ရေးချင်တဲ့ စားကိုလည်း ထည့်ရေးကာ လူသုံးယောက်ပုံစံ icon လေးကို နှိပ်ပေးရပါမယ်။
အောက်ပါပုံအတိုင်း အောက်ဆုံးအကြောင်းရှိ Custom လေးကို နှိပ်ပေးပါ။
Hidden from ရဲ့ အောက်နားလေးက Include friends of people tagged စာကြောင်းကို အမှန်ဖြစ်ဖြုတ်ပေးရပါမယ် ပြီးပါက အပေါ်ထောင့်နားလေးမှာ ရှိတဲ့ Save လေးကို နှိပ်ပေးပါ။

အောက်ပါ ပုံစံအတိုင်း ပေါ်လာရင်တော့ Post နေရာလေးကို နှိပ်ပြီး တင်လို့ရပါပြီ။
Share ပိတ်ထားတဲ့ အတွက် မိမိ Friend တွေက မိမိတင်လိုက်တဲ့ Post လေးကိုတွေ့ ရင် အောက်ပါပုံအတိုင်း Share ခလုတ်ကို တွေ့ ရမှာမဟုတ်ပါဘူး။

သူများ ဖုန်းထဲကအချက်အလက်တွေကို မိမိဖုန်းထဲနေ ခိုးကြည့်နည်း

သူများ ဖုန်းထဲကအချက်အလက်တွေကို မိမိဖုန်းထဲနေ ခိုးကြည့်နည်း

သင့်ချစ်သူ ဖုန်းဘေးကအသံတွေကို သင့်ဖုန်းနဲ့ ထိန်းချုပ်ပြီးအသံဖမ်းခိုးနားထောင်မယ်
သင့်ချစ်သူဖုန်းကို ဘယ်သူတွေ မက်ဆေ့ပို့ လဲ သင့်ဖုန်းကနေကြည့်မယ်
သင့်ချစ်သူ ဘယ်သူနဲ့ ဖုန်းပြောလဲ သင့်ဖုန်းကနေခိုးနားထောင်မယ်
သင့်ချစ်သူကို ဘယ်သူတွေ ဖုန်းဆက်လဲ ဖုန်းနံပါတ်တွေ သင့်ဖုန်းကနေကြည့်မယ်
သင့်ချစ်သူဖုန်း Wifi နဲ့  အင်တာနတ်လိုင်းကို သင့်ဖုန်းကနေ အဖွင့်အပိတ်လုပ်မယ်
သင့်ချစ်သူဖုန်းကို သင့်ဖုန်းကနေ ထိန်းချုပ်ပြီး Lock ကျပစ်မယ်
သင့်ချစ်သူဖုန်းမှာ ဖြစ်ပျက်သမျှအရာတွေကို သင့်ဖုန်းကနေ ခိုးကြည့်နည်းဖြစ်ပါတယ်။
တန်းဖိုးရှိတဲ့ နည်းပညာလေးတစ်ခုဖြစ်ပါတယ်။
အသုံးပြုရတာက ဘာမှမခက်ခဲပါဘူး
သင့်ချစ်သူဖုန်းထဲကို ဆော့ဝဲလေးတစ်ခုထဲပြီး Gmail တစ်ခုကိုထည့်ပြီး ဆော့ဝဲလေးကိုဖြောက်ထားယုံပါဘဲ။ ပြီးရင်တော့ အပေါ်ကအချက်အလက်တွေအပြင် အခြားအချက်အလက်တွေကို သင့်ဖုန်းကနေ ထိန်းချုပ်ပြီးကြည့်ရှုနိုင်ပါပြီ။ ဒီနည်းလမ်းက အရင်တစ်ခါတင်ပေးဖူးတဲ့နည်လမ်းတွေနဲ့ လုံးဝမတူပါဘူး အရမ်းစုံလင်ပြီး အသုံးပြုရတာလွယ်ကူလွန်းပါတယ်။ သင့်ခိုးကြည့်လို့ သင့်ချစ်သူ သိတောင်သိမှာမဟုတ်ပါ။
အသုံးပြုနည်းက ပုံလေးတွေများလို့ အသေးစိတ်ကို အောက်ကလင့်မှာ လက်တွေ့ ရှင်းပြထားပါတယ်။
ခေတ်နဲ့ အညီ တတ်ထားသင့်တဲ့ပညာလေးဘဲဖြစ်ပါတယ်။
သင့်ချစ်သူဖုန်းထဲမှာ အသုံးပြုရန် Backup Service ဆော့ဝဲဒေါင်းရန်
 
 
သင့်ဖုန်းကနေ Login ၀င်ပြီး ကြည့်ရှုရန် Link
 

ကိုယ့်ချစ်သူ ဖုန်းရှေ့မှာ ဘာတွေလုပ်နေလဲ အဝေးကနေလှန်းကြည့်နည်း

ကိုယ့်ချစ်သူ ဖုန်းရှေ့မှာ ဘာတွေလုပ်နေလဲ အဝေးကနေလှန်းကြည့်နည်း

ဒီဆော့ဝဲ ဗားရှင်းအသစ်လေးနဲ့ ကိုယ့်ချစ်သူ ဖုန်းရှေ့မှာ ဘာတွေနေလဲ အဝေးကနေလှန်းကြည့်လို့ ရနေပါပြီ။
သင့်ချစ်သူလေး သူ့ ဖုန်းအရှေ့ မှာဘာတွေလုပ်နေသလိုဆိုတာ သိချင်ကြမယ်ကြည့်ချင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီတော့ လက်တွေ့ စမ်းသပ်ချက်နဲ့ အတူ သင့်ချစ်သူဘာတွေလုပ်နေလဲဆိုတာကို ကိုယ့်ဖုန်းထဲကနေကြည့်နိုင်မည့်နည်းလမ်းကိုရှင်းပြပေးလိုက်ပါတယ်။
ဒီ ဆော့ဝဲလ်လေးနဲ့ သူဘာလုပ် ကိုယ်ဘာလုပ် အပြန်အလှန်ကြည့်ရှုနိုင်မယ်။  အရှေ့ ကင်မရာ ရော အနောက်ကင်မရာ နှစ်ခုလုံးကိုကြည့်လို့ ရမယ်။
 နှစ်ဦးနှစ်ဘက်လုံးမှာ ဆော့ဝဲလ်လေးထည့်ထားပြီး Email တစ်ခုထဲကို ဖုန်း ၂ လုံးလုံးမှာအသုံးပြုရမယ်။ Live Video ကြည့်နိုင်ယုံသာမကဘဲ အသံလည်းကြားရမည်။
သူ့ချစ်သူဘက်က အင်တာနတ်သုံးတဲ့အချိန်ကိုသိထားရင် သင့်ဖုန်းထဲကနေ Live ကြည့်လို့ ရမယ်။ ဒီဆော့ဝဲလ်လေးကို သူ့မတွေစေချင်ရင်ဖြောက်ထားလို့ ရပါတယ်။
အပြန်အလှန်နားလည်မူယူပြီးသုံးမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း အချိန်မရွေးကြည့်လို့ ရမှာပါ။
သိပ်မရှင်းတဲ့သူများကတော့ ပုံလေးတွေနဲ့ လက်တွေ့ ကိုရှင်းပြထားပါတယ်။
လေ့လာကြည့်ကြပါ...လွယ်ပါတယ်။ ဗီဒီယိုဖိုင်ကို လည်း ပြထားပေးပါတယ်။
ဆော့ဝဲ ဖိုင်ဆိုဒ်ကတော့ 13 MB ထဲပါ
ဆော့ဝဲအား ဒေါင်းယူရန်